မည်းစမ်းဖြစ်ခဲ့တဲ့ ဟင်းပွဲတွေမှာ ပထမဆုံး Needle Mushroom Salad (US$6.00) ပေါ့။ အပ်မှိုကိုပြုတ်ပြီး Special Sauce တစ်မျိုးနဲ့သုပ်ထားတယ်။ Sauce ရဲ့ အရသာက ဆီတို့ဟူးနဲ့ ဆင်ပါတယ်။ ပဲပိစပ်လေးအနည်းငယ် နဲ့ရောသုပ်ထားပါတယ်။ အရသာကတော့ အနည်းငယ်ငံပြီး စပ်ပါတယ်။
ဒုတိယ Cold Dish ကတော့ Poached Black Chicken with Lemon (US$12.00) ပါ။ Poach ဆိုတဲ့ အတွက် ရေနည်းနည်းနဲ့ ကြက်သားကိုပြုတ်၊ Lemon ရည်ဆမ်းပြီး ပြန်သုပ်ထားတာပါ။ ဒီအသုပ်မှာ ကြက်သားက အသားချည်းမဟုတ်ပဲ အရိုးအသားတွဲလျက်ပါ။ ကြက်အမဲဟာ ဆေးဖက်ဝင် တဲ့အတွက် Salad လုပ်ဖို့အင်မတန် လိုက်ဖက်ပါတယ်။ ဒီ Dish လေးက ချဉ်စပ်လေး။ ပြီးတော့ အရမ်းကို Refreshing ဖြစ်ပါတယ်။
တတိယ Cold Dish ကတော့ Steamed Pork Belly (US$12.00) ပါ။ ဟင်းပွဲရဲ့ အလယ်မှာသခွားသီး ၊ ကြက်သွန်ဖြူဥ အကြီးများကို အမျှင်များ ပြုလုပ်ပြီး ခုံးခုံးလေးပြုလုပ်ကာ ပေါင်းထားသော ၀က်ဗိုက်သားများကို တစ်ခါစား အရွယ်အလွှာလေးများဖြင့် အုပ်ထားပါတယ်။ ၀က်သားရဲ့အပေါ်က Sauce ကတော့ Chili နဲ့ Garlic ပေါင်းပြီးပြုလုပ်ထားပါတယ်။ ဒီ Sauce ကတော့နဲနဲစပ်လို့ အစပ်မစားနိုင်သူများ Sauce ကိုအနည်းငယ် ဖယ်ပြီးစားမှအဆင်ပြေမယ်။ ဒီဟင်းလျာကတော့ ၀က်သားရဲ့ လတ်ဆတ်မှုကိုသာ အထူးပြုထားတဲ့အတွက် အငံ ကြိုက်သူများကတော့ စားပွဲမှာချထားတဲ့ Mala အရသာနဲနဲပါတဲ့ Sauce လေးနဲ့ တွဲစားနိုင်ပါတယ်။
နောက်ဆုံးစားခဲ့တဲ့ Cold Dish ကတော့ Lijiang Bean Jelly Picked Vegetable (US$8.00) ပါ။ Lijiang ဆိုတာ တရုတ်ပြည်က မြို့တစ်မြို့နာမည်ပါ။ အဲ့မြို့မှာလုပ်တဲ့ တို့ဖူးပုံစံမျိုးလုပ်ထားတာပါ။ တစ်ပွဲကို ၁၂ တုံးပါဝင်ပြီး သကြားနဲ့ ငရုတ်ဆီနဲ့ပြုလုပ် ထားတဲ့ Special Sauce နဲ့ Serve လုပ်ပါတယ်။ Sauce ကတော့ နည်းနည်းလေးတော့ စပ်တယ်နော်။
ကဲအအေးပြီးတော့ အပူဟင်းပွဲလေးတွေအကြောင်းပြောရအောင်။ ပထမဆုံးစားဖြစ်တဲ့ အပူဟင်းလျာက Fried Dried Beef with Potato (US$12.00) ပါ။ Presentation ကတော့ ပုံမှာမြင်တဲ့အတိုင်းပါဘဲ။ အစကတော့ ငရုတ်သီးကြော်ကို ဘေးကအာလူးကြော်တွေထားပြီး ဘာလို့လာချလဲစဉ်းစားနေတာ နောက်မှသေချာကြည့်တော့ အမဲသားအရောင်က ငရုတ်သီးအရောင်နဲ့တူလို့ ပျောက်နေတာ။ဒီဟင်းပွဲလေးရဲ့ကောင်းချက်ကတော့ ငရုတ်သီးကြော်ကအစ ဘေးပတ်ပတ်လည်မှာ ကြော်ထားတဲ့ Curry Leaf ကအစ အရမ်းစားကောင်းတယ်။ ငရုတ်သီးကြော်က မစပ်ဘူး။အထဲမှာပါတဲ့အမဲသားက အကြော်အရသာလိုကြွပ်ရွနေတာမဟုတ်ဘဲ ဝါးလို့ကောင်းရုံလေးနဲ့ စားကောင်းတယ်။
ဒုတိယ Hot Dish ကတော့ Braised Yak Beef Tendan (US$18.00) ပါ။ အမဲသားကို မုန်လာဥနီ ၊ မုန်လာဥဖြူနဲ့ နူးအိနေအောင် ပေါင်းထားတာပါ။ ဒီဟင်းပွဲ လေးဟာမြန်မာချက်နည်းနဲ့ ပြောရရင်တော့ ဆီကျန်ရေကျန်လေးပေါ့။ဒါကြောင့် Soup အနေနဲ့ တောင်စားလို့ရပါတယ်။ မုန်လာဥဖြူက လဲ ချိုစိမ့်နေတာဘဲ။ ဒီမှာပါတဲ့ Yak Beef ဆိုတာက တောင်ပေါ်ဒေသမှာပဲ ပေါက်ဖွားကြီးပြင်းတဲ့ အမွှေးရှည်နွားရဲ့အသားကို အသုံးပြုထားတာပါ။ ဒါ့ကြောင့်မို့ ဒီဟင်းပွဲက Portion နည်းသလိုဖြစ်ပေမဲ့ နည်းနည်းတော့ ဈေးများတယ်ပေါ့နော်။
တတိယ Hot Dish က Fried Pork Neck with Chive Pepper (US$12.00) ပါ။ ဟင်းကို ရုတ်တရက်ကြည့်ရင် ကုန်းဘောင်ကြီးကြော်နဲ့ တူပါတယ်။ ဒါပေမယ့် အရသာနဲ့ Ingredients တွေက မတူပါဘူးရှင်။ ဒီပွဲမှာ ကြက်သွန်မြိတ်နဲ့ ဟင်းနုနွယ်အရိုးနုနု များကို ၀က်သားပြားချောင်း ၊ ကြွက်နားရွက်မှို ၊ အနီရောင်ငရုတ်ပွသီး ၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီးပါဝင်ပါတယ်။ ပါသမျှ Ingredients တွေအားလုံး နူးအိပြီး စားကောင်းတယ်။ ဟင်းနုနွယ် အရိုးနုလေးတွေဆို ချိုနေတာပဲ။
စတုတ္ထ စားဖြစ်တဲ့ Hot Dish ကတော့ Braised Grass Fish (US$15.00) ပါ။Grass Fish က ကက္ကတစ်ငါးနဲ့ ဆင်ပြီးအသားအရသာကလဲ ကက္ကတစ်လိုချိုပြီး ကောင်းပါတယ်။ မတူတာကတော့ Grass Fish ရဲ့ အရွယ်ကတော်တော် ကြီးပါတယ်။ ဒီငါး အပေါ်မှာဆမ်းထားတာ ချိုချဉ်ကြော်မှာအသုံးပြုတဲ့ Sauce နဲ့တူပေမယ့် ချိုချဉ် Sauce မဟုတ်ပါဘူး အရသာကငါးရဲ့လတ်ဆတ်မှု ကို အသားပေးထားပြီး အနှစ်လေးနဲ့တွဲစားရုံပါ။ အငံကြိုက်သူများကတော့ စားပွဲရဲ့ Dipping Sauce နောက်တစ်မျိုး ဖြစ်တဲ့ ပုစွန်ခြောက်နဲ့ပြုလုပ်ထားတဲ့ အငံဘက်ရောက်တဲ့ Sauce နဲ့တွဲစားနိုင်ပါတယ်။
Novotel က Royal Pavilion Chinese Restaurant မှာထူးခြားဆန်းသစ်တဲ့ ဟင်းပွဲအသစ်မိတ်ဆက်ပွဲကို ရောက်ဖြစ်ခဲ့တယ်။ ပထမတစ်ပွဲကတော့ “Standing Duck” ဆိုတဲ့ဟင်းပွဲဖြစ်ပါတယ်။ ဟင်းပွဲကို Serve လုပ်တဲ့အခါမှာ Presentation လေးကလဲရှိသေးတယ်။ ပထမဆုံး ဘဲကင်လေးကို Smoky Taste ဖြစ်အောင် ပလတ်စတစ်အိတ်စွတ်ထားတဲ့ ဘဲကင်တစ်ကောင်လုံးကိုမီးခိုးမှိုင်းတိုက်သလို မီးခိုးငွေ့တွေအရင်သွင်းတယ်။ ပြီးတော့ ပလတ်စတစ်အိတ်ကို ချွတ်ပြီးတော့ အရေခွံကို ပိုပြီး Crispy ဖြစ်အောင် မီးထပ်ရှို့သေးတယ်။ ပြီးတော့မှ Chef က အရေခွံနဲ့အသားတွဲထားတဲ့ အဖတ်လေးတွေကို အခုနှစ်ဆယ် လှီးတယ်။ ဒီဘဲကင်က ခါတိုင်းစားနေကြလို Pancake လိုမျိုး ဂျုံပြားနဲ့ ထုတ်ပြီးစားတာမဟုတ်ဘူး။ ဆလပ်ရွက်တွေနဲ့ ထုတ်ပြီးစားရတာပါ။ Chef က လုပ်ပေးပြီး Serve လုပ်ပေးတာလဲမဟုတ်ဘူး။ ကိုယ်ကြိုက်သလိုစားနိုင်အောင်လို့ အထဲမှာ ထည့်စားရတဲ့ အဆာပလာနဲ့ Sauce လေးမျိုးချပေးထားတယ်။ အဆာပလာတွေကတော့ ပဲပြား ၊ မုန်လာဥ ၊ အာလူးကြော် ၊ သခွားသီး အဲ့လိုလေးတွေ နဲ့ Sauce လေးမျိုးက ဘဲသားအရသာ ၊ ဆီးသီးအရသာ ၊ ထိုင်းအရသာနဲ့ X.O Sauce တွေရှိတယ်။ ဘဲသားအရသာ Sauce ကဘာလချောင်အရသာနဲ့ ရောစပ်ထားတဲ့အတွက် အငံ ဘက်ရောက်ပါတယ်။ ဆီးသီးအရသာက ချိုချဉ်လေးနဲ့ ပျစ်ပျစ်လေးပါ။ ထိုင်းအရသာကတော့ အရည်ကျဲကျဲလေးနဲ့ ချဉ်ငံစပ်အရသာလေးပေါ့။ နောက်ဆုံး XO Sauce လေးကတော့ ဘဲကင်နဲ့တွဲစားဖို့ အလိုက်ဖက်ဆုံးပါဘဲ။ ဝက်သားမစားရင်တော့ ဒီ Sauce ကိုရှောင်ပါ ဒီထဲမှာ ဝက်သားကို အသုံးပြုထားပါတယ်တဲ့။ ဒီ Standing Duck လေးကို တရုတ်ထမင်းကြော်နဲ့ ကျန်ရှိသော ဘဲရိုးများနဲ့ ကြံမဆိုင်လို Soup ချက်ပြီးအတူတကွ Serve လုပ်ပါတယ်။ ဒီ Standing Duck နဲ့ထမင်းကြော် ၊ ဘဲသား Soup အပါအ၀င် US$45++ နဲ့ရောင်းချပေးပါတယ်။ Standing Duck ကနေ့လည်စာနဲ့ ညစာအတွက်ပဲ ရပါတယ်။ နောက်ပြီး တစ်ကောင်လုံးမှာမှ ရပါတယ်။
ဒုတိယ Item လေးကတော့ "Rainbow Xiao Long Bao" ဖြစ်ပါတယ်။ Xiao Long Bao ကတော့ Soup Dumpling လေးပါ။ ဖက်ထုပ်ကိုပေါက်စီလိုမျိုး ၀ိုင်းဝိုင်းလေးလုပ်ပြီးအထဲမှာ အသားတောက်တောက်စင်းနဲ့ Soup လေးပါတယ်။ Xiao Long Bao ကိုပထမဆုံးအကြိမ်စားတာဆိုရင် ဇွန်းလေးနဲ့ Xiao Long Bao လေးကို ထည့်ပြီး အရည်မကျအောင်စားပါ။ Xiao Long Bao လေးတွေကသာမန်အားဖြင့် original အဖြူရောင်ပါ။ ဒီ Royal Pavilion မှာတော့ အရောင်ရှစ်မျိုးနဲ့ Rainbow Xiao Long Bao ၈ မျိုးကို မိတ်ဆက်ပါတယ်။ အရောင်အားဖြင့် အနီ ၊ အမဲ ၊ အဖြူ ၊ အ၀ါ ၊ အစိမ်း ၊ လိမ္မော်ဝါရောင် ၊ ခရမ်းရောင် ၊ လိမ္မော်နီရောင်တို့ ဖြစ်ပါတယ်။ Xiao Long Bao လေးတွေဟာ ပူပူလေးချက်ချင်းစားရင် ပိုကောင်းတယ်။ အရောင်လေးတွေနဲ့ Flavour လေးတွေက အနီရောင်ကတော့ Sichun အစပ်အရသာ ၊ အမဲရောင်ကတော့ Truffle မှိုအရသာ ၊ အဖြူရောင်ကတော့ Original ပါ။ အ၀ါရောင်ကတော့ ကြက်သွန်မွှေးအရသာ ၊ အစိမ်းလေးက ဂျင်ဆင်း အရသာ ၊ လိမ္မော်ဝါရောင်က ဂဏန်းသားနဲ့ ခရမ်းရောင်ကတော့ တရုတ်ဆေးဖက်ဝင်မွှေးအရသာ ၊ လိမ္မော်နီရောင်က Cheese အရသာဖြစ်ပါတယ်။ ဒီ Rainbow Xiao Long Bao ကို July မှ Sep အတွင်း US$8.80 promotion price ဖြင့်သုံးဆောင်နိုင်ပါသည်။ ဒုတိယ Item လေးကတော့ "Rainbow Xiao Long Bao" ဖြစ်ပါတယ်။ Xiao Long Bao ကတော့ Soup Dumpling လေးပါ။ ဖက်ထုပ်ကိုပေါက်စီလိုမျိုး ၀ိုင်းဝိုင်းလေးလုပ်ပြီးအထဲမှာ အသားတောက်တောက်စင်းနဲ့ Soup လေးပါတယ်။ Xiao Long Bao ကိုပထမဆုံးအကြိမ်စားတာဆိုရင် ဇွန်းလေးနဲ့ Xiao Long Bao လေးကို ထည့်ပြီး အရည်မကျအောင်စားပါ။ Xiao Long Bao လေးတွေကသာမန်အားဖြင့် original အဖြူရောင်ပါ။ ဒီ Royal Pavilion မှာတော့ အရောင်ရှစ်မျိုးနဲ့ Rainbow Xiao Long Bao ၈ မျိုးကို မိတ်ဆက်ပါတယ်။ အရောင်အားဖြင့် အနီ ၊ အမဲ ၊ အဖြူ ၊ အ၀ါ ၊ အစိမ်း ၊ လိမ္မော်ဝါရောင် ၊ ခရမ်းရောင် ၊ လိမ္မော်နီရောင်တို့ ဖြစ်ပါတယ်။ Xiao Long Bao လေးတွေဟာ ပူပူလေးချက်ချင်းစားရင် ပိုကောင်းတယ်။ အရောင်လေးတွေနဲ့ Flavour လေးတွေက အနီရောင်ကတော့ Sichun အစပ်အရသာ ၊ အမဲရောင်ကတော့ Truffle မှိုအရသာ ၊ အဖြူရောင်ကတော့ Original ပါ။ အ၀ါရောင်ကတော့ ကြက်သွန်မွှေးအရသာ ၊ အစိမ်းလေးက ဂျင်ဆင်း အရသာ ၊ လိမ္မော်ဝါရောင်က ဂဏန်းသားနဲ့ ခရမ်းရောင်ကတော့ တရုတ်ဆေးဖက်ဝင်မွှေးအရသာ ၊ လိမ္မော်နီရောင်က Cheese အရသာဖြစ်ပါတယ်။ ဒီ Rainbow Xiao Long Bao ကို July မှ Sep အတွင်း US$8.80 promotion price ဖြင့်သုံးဆောင်နိုင်ပါသည်။
နောက်ပြီးတော့ Sunday ဆိုရင် မနက် ၈နာရီက ၁၁နာရီထိကို Dim Sum ပွဲတွေကို စတင်ရောင်းချမှာပါ။ ဈေးနှုန်းတွေကတော့ တစ်ပွဲကို US$2.00 ကနေ US$3.50 လောက်ထိရှိပါတယ်။ တစ်ပွဲမှာ သုံးခုစီလောက်ပါရှိတယ်။ Dim Sum အမျိုးပေါင်း(၄၇) မျိုးရှိပါတယ်။ Dim Sum တွေက မှာတယ်ဆိုမှ ချက်ချင်း Freshly Made ပါ။ kitchen ထဲမှာ Chef တွေ ချက်ပြုတ်နေတာကိုလဲ အကြည်ရောင် မှန်ခန်းအပြင်ကနေ မြင်တွေ့နိုင်ပါတယ်။
ပထမဆုံး ဆန်ပြုတ်လေးနဲ့စလိုက်ရအောင်။ Chicken Congee with Preserved Vegetables ပါ။ ဒီဆန်ပြုတ်ထဲက ကြက်သား နူးညံ့ချက်ကတော့ ငါးလား ကြက်သားလားလို့တောင် ဇဝေဇ၀ါဖြစ်ရတဲ့ အထိပါဘဲ။
နောက်ဆုံး Signature Dish ကတော့ Crystal Jade Chicken Puff ။ ကျောက်စိမ်းရောင် Puff အရောင်ထွက်အောင် ပဲအစိမ်းကိုချေပြီး ပြုလုပ်ထားခြင်းပါ။
ဒုတိယ Signature dish ကတော့ Prawn Rice Roll With Salted Vegetables ပါ။ ညှပ်ခေါက်ဆွဲပြားလေးလို Rice Roll လေးနဲ့ပုစွန်ကိုထုတ်ထားပြီး Salted Vegetables လေးနဲ့ Serve လုပ်ပါတယ်။
နောက်တစ်ခုကတော့ Baked BBQ Pork Bun ။ Bun ရဲ့ အရသာက ကြွပ်ရွပြီး ချိုပါတယ်။ အထဲက BBQ Pork ကတော့ချိုစပ်လေးပါ။
Dessert အနေနဲ့ကတော့ Blueberry Pudding လေးစားခဲ့တယ်။ ချိုချဉ်လေးနဲ့ Refresh အရမ်းဖြစ်ပါတယ်။အအီပြေလေးပေါ့။
သက်သက်လွတ် Pizza က Carciofi ပါ။ ဒီ Pizza မှာ Artichokes (ပဲပိုးတီ) ၊ Rocket နဲ့ Olive များပါဝင်ပါတယ်။Rocket က အီတလီမှာ Pizza နဲ့ Salad လုပ်ရင် ထည့်တဲ့ ဟင်းရွက်တစ်မျိုးပါ။ ဒီ Pizza က Margherita လိုရိုးရိုးရှင်းရှင်းပါ။ Tomato Sauce, Cheese, Artichokes နဲ့ Olive ကိုအတူတူ Bake လုပ်ပြီးမှ Rocket leaf ကို Topping အနေနဲ့ဖြူးလိုက်တာပါ။ Pizza ရိုးရိုးဆိုပေမယ့် Cheese ကိုသုံးထားတာလဲ မနည်းလို့ Cheese ကြိုက်တဲ့သူတွေ အကြိုက်ဖြစ်မှာပါ။
Pollo Pizza မှာ ကြက်ကင်၊ မှို၊ ကြက်သွန်၊ Olive နဲ့ Jalepenosပါ ပါတယ်။ Jalepenos ဆိုတာ ငရုတ်သီးလို အတောင့်ကြီးကြီးပေမဲ့ မစပ်ဘဲ ချဉ်ပါတယ်။ Pizza ဟာ Olive နဲ့ Jalapenos ကြောင့် အချဉ်ဓာတ်နဲ့ ကြက်ကင်ပါဝင်လို့ Smoky ဖြစ်ပြီး နဲနဲလေးစပ်တယ်။
Arrabbiata မှာ Pork Salami, Sundried Tomato, Ricolta (Italian Cheese)နဲ့ ကြက်သွန်တို့ပါဝင်ပါတယ်။ Sundried Tomato ဟာခရမ်းချဉ်သီးယို ခြောက်ခြောက်လေး လိုအရသာမျိုးပါ။ ဒါပေမယ့် သကြားပါဝင်မှမရှိတဲ့အတွက် သဘာဝခရမ်းချဉ်သီးခြောက် အရသာ ချဉ်ပြုံးလေးပေါ့။ Salami အသားပြားကိုအအီပြေစေဖို့အတွက် တွဲထားတဲ့ Combination ပါ။ ဒီ Pizza ဟာ ဒီဆိုင်ရဲ့ နာမည်ကြီး Pizza တစ်မျိုးပါတဲ့။
Salad အနေနဲ့က Green Salad စားဖြစ်ခဲ့တယ်။ ဒီထဲမှာ salad, lettuce, olive, tomato, avocado, cucumber, nuts, sunflower seeds တွေပါဝင်ပြီး mustard dressing ကို ခွက်နဲ့သက်သက်ချပေးလို့ ကိုယ်ကြိုက်သလောက်လေး ထည့်ပြီး စားလို့ရတယ်။ တစ်ပွဲကလဲ အတော်လေးကြီးပြီးတော့ ကျန်းမာရေးမဲ့ ညီညွှတ်တဲ့ အသီးအရွက်တွေဖြစ်ပြီး diet လုပ်နေတဲ့သူတွေ စားမယ်ဆိုလဲ အဆင်ပြေမှာပါ။
နောက်ထပ်စားခဲ့တဲ့ဟင်းပွဲလေးကတော့အသစ်ပါ။Menu ထဲမှာတောင်မထည့်ရသေးတဲ့ “Chicken Lasagna” ပါ။Lasagna ကတော့ Pasta အပြားအကြီးကို Layer လိုက်ထပ်ပြီး အလယ်မှာ ကြက်သား (သို့) အမဲသားနဲ့ Mozzarella Cheese ကိုညှပ်ပြီး Bake လုပ်တာပါ။ဒီဆိုင်ဟာ ပိုင်ရှင်ကိုယ်တိုင်က အီတလီယံလူမျိုး ဖြစ်လို့ အရသာနဲ့ Quality ကို အရမ်းဦးစားပေးပါတယ်။ ဒီ Lasagna မှာပါတဲ့ Ingredients တွေအားလုံးဟာ Portion များပြီး အရမ်းလတ်ဆတ်ပါတယ်။ တခါတလေမှာ lasagna တွေလိုဖဲ့ကိုက်ရင် Layer တွေအကုန် တစစီမဖြစ်ကုန်တတ်တယ်။ ဒါပေမဲ့ဒီမှာတော့ one bite စာ တစ်ခါဖဲ့လိုက်လဲ အတုံးလိုက်လေး တစ်စုတစည်းထဲ ခရွန်းထဲ ပါလာတာကလည်း စားရတာ အဆင်ပြေစေတယ်။ ဒီ Chicken Lasagna ကို (6500) ကျပ်နဲ့ရောင်းပါတယ်။
အစားတွေအကြောင်းပြောပြီးတော့ သောက်စရာအကြောင်းဆက်ကြမယ်နော်။ ဒီဆိုင်မှာ သကြား၊ အရောင်နဲ့ တစ်ခြား Artificial တွေလုံးဝမထည့်ထားတဲ့ Cold Pressed Juice ရတယ်။Serve လုပ်တဲ့ ပုလင်းသေးသေး လေးတွေဟာချစ်ဖို့ကောင်းလို့ အိမ်တောင်ယူသွားချင်မိတယ်။ ဒီ Juice ကတော့ ချစ်စရာကောင်းတဲ့နာမည် (၄) မျိုးနဲ့ပါ။ Coral, Emarald, Garnet နဲ့ Ruby တို့ပါ။ Emarald ကလွဲပြီး ကျန်တဲ့ (၃) မျိုးကို သောက်ခဲ့ပါတယ်။ Coral က Orange နဲ့ Carrot Combination ပါ။ Carrot ရဲ့အနံ့ကို Orange အနံ့အရသာနဲ့ ပြန်ဖုံးပြီး သကြားမပါဘဲ သဘာဝအတိုင်းချိုပြီး အရမ်း Refresh ဖစ်စေပြီး အတော်လေးသောက်လို့ကောင်းတယ်။Garnet ကတော့ Carrot, Beet, Apple, Lime, Ginger နဲ့ Pepper ပါ။ သောက်နေကြအအေးတွေလို မွှေးမွှေးချိုချိုလေးမဟုတ်တော့ အ၀င်နဲနဲဆိုးပေမယ့် Beet ပါဝင်လို့ ကျန်းမာရေးအတွက်အရမ်းကောင်းပါတယ်။ နောက်ဆုံး Ruby ကတော့ ဖရဲသီး၊ နာနတ်သီး၊ သံပုရာသီးကို Mint Leave လေးနုပ်နုပ်စဉ်း ပြီးထည့်တဲ့ Juice ပါ။ သုံးမျိုးထဲမှာ Coral ကိုအကြိုက်ဆုံးပါဘဲ။ သူက တစ်ခြား Juice တွေထက် (၅၀၀) ကျပ်ပိုများတော့ (၃၅၀၀) ကျပ်ပါ။
အီတလီအစားအသောက်တွေဆိုတော့ Pasta လည်းပါရမှပေါ့။ဒီဆိုင်မှာတော့ Pasta (၄)မျိုး ရှိတယ်။ Carbonara, Pesto, Al Pomodoro နဲ့ Amatriciana တွေပါ။ ဒီထဲကမှAmatriciana ဆိုတဲ့ Pasta ကိုစားခဲ့ပါတယ်။ အဓိက ပါဝင်ပစ္စည်းတွေကတော့ Tomato နဲ့ Bacon ပါ။ Pasta အမျိုးအစားကိုတော့ “Penne” သုံးထားပါတယ်။ ဒီ Pasta မှာအထူးသတိထားမိတာကတော့ ကြက်သွန်ဖြူဆီမွှေး အနံ့လေးနဲ့ ပြီးတော့ ပန်းကန်လုံးနဲ့လာချပေးတာပဲ။ လာချပေးကတည်းက ဒီ Pasta လေးစားကောင်းမယ်လို့ Impression ဖြစ်သွားပါတယ်။ Bacon ကတော့ အကြွပ်မဟုတ်ဘဲ Tomato အနှစ်နဲ့ရောချက်ထားတဲ့ ပျော့ပျော့လေးပါ။ ဒီ Pasta ကတော့ တစ်ပွဲ (၅၅၀၀) ကျပ်ပါ။
Dessert ကတော့ Brownies နဲ့ရေခဲမုန့်, Creme Caramel, Fresh fruits နဲ့ Tiramisu ရှိပါတယ်။ နောက်ဆုံးပိတ်အနေနဲ့ အချိုပွဲကို Crème Caramel (၃၅၀၀ကျပ်) ကိုစားခဲ့ပါတယ်။ ဒါလေးက လွယ်လွယ်ပြောရရင် ကြက်ဥပူတင်းနဲ့ဆင်ပါတယ်။ တစ်ခွက်အနေနဲ့က ပါဝင်တာ နည်းပြီး ၃၅၀၀ဆိုတော့ ဈေးများတယ်ထင်ရပေမဲ့ သုံးထားတဲ့ ပစ္စည်းတွေက အီတလီကမို့ ဒီလောက်ဈေးဖြစ်နေလို့ထင်ပါတယ်။
Potato Crocchette (နှစ်ခုပါဝင်ပြီး တစ်ပွဲကို ၃ဝဝ၀ကျပ်) ပါ။ ဒီ Item လေးကတော့ အာလူးကိုပြုတ်ပြီး ချေပြီးမှ Cheese နဲ့ရောပြီး ကြော်ထားတာပါ။ အလွယ်ပြောရရင် အာလူးကပ်သလိပ်ထဲမှာ cheese ထည့်ပြီးကြော်ထားတာမျိုးပေါ့။
Appitizer ကတော့ Fried item လေးတွေပါ။ Panzerotti (၃၅၀၀ကျပ်) လို့ခေါ်တဲ့ Pizza ကို Puff လေးလို Fold လုပ်ပြီး ကြွပ်ကြွပ် ကြော်ထားတာပါ။ အပြင်မှာကြွပ်ပြီး အထဲမှာ Cheese တွေအများကြီးနဲ့ ခရမ်းချဉ်သီး sauce အနည်းငယ်ပါတယ်။ အထဲမှာ cheese အတော်ပါလို့ cheese ကြိုက်တဲ့သူတွေ အကြိုက်တွေ့စေလောက်မယ်။ ပုံစံလေးက စကြည့်တုံးက curry puff နဲ့လဲ ခပ်ဆင်ဆင်တယ်တယ်။ ပြီးတော့ ဒီလိုပုံစံမျိုးကို တခြားမှာ တခါမှ မစားဖူးသေးဘူး။
© 2017 Food Crazy | All Rights Reserved.