1. ကြက်သား - ၁၀ သား
  2. ကြက်မြစ် ကြက်သည်း - ၁ စုံ
  3. ပုဇွန်အသေး - ၁၀ သား
  4. ငုံးဥ - ၆ လုံး
  5. ကိုက်လန် - ၄ ပင်
  6. ပန်းမုန်လာ - လက်တဆုပ်စား
  7. အစိမ်းေ၇ာင် ပန်းမုန်လာ - လက်တဆုပ်စဲာ့
  8. မုန်လာဥနီ - ၁ ဥ
  9. ဂေါ်ဖီထုပ် - လက်တဆုပ်စာ
  10. မုန်ညှင်းဖြူ - အနည်းငယ်
  11. ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၄ ဇွန်း
  12. သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
  14. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
  15. ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
  16. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  17. ကော်မှုန့် (သို့ ) ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
  18. ကြက်သွန်ဖြူ - ၂ မွှာ
  19. ဆီ - ထမင်းစားဇွန်း ၂ ဇွန်း

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

အဆင့် - ၁

ကြက်သားကို အတုံးအသေးလေးတွေ (သို့ ) ရှည်ရှည်ပါးပါးလေးတွေလှီးထားပါ။ ကြက်မြစ် ကြက်သည်းကိုလဲ သန့် စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်အစားလှီးထားပါ။ ပုဇွန်ကို အခွံနွှာထားပါ။ ငုံးဥကို ပြုတ်ပြီး အခွံနွှာထားပါ။

အဆင့် - ၂

အသီးအနှံများကို ရေဆေးသန့် စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်အစားလှီးထားပါ။ မာသော အသီးအနှံများဖြစ်တဲ့ မုန်လာဥနီ၊ ပန်းမုန်လာ၊ အစိမ်းေ၇ာင်ပန်းမုန်လာ၊ ကိုက်လန်အရိုးတို့ ကို သတ်သတ်၊ ဂေါ်ဖီထုပ်၊ မုန်ညှင်းဖြူ နှင့် ကိုက်လန် အ၇ွက်တို့ ကိုသတ်သတ်စီထားပါ။ ကော်မှုန့် ကိုတရုတ်ထမင်းစားပန်းကန်လုံးထဲထည့်ရ်ျ ရေကို ပန်းကန်လုံးပြည့်ခါနီးထိထည့်ပြီး ကော်မှုန့် အရည်ပျော်အောင်ဖျော်ထားပါ။

အဆင့် - ၃

ဒယ်အိုးကြီးကြီး တခုထဲတွင် ဆီကိုထည့် အပူပေးပြီး ဆီပူလာလျှင် ဓါးပြား၇ိုက်ထားသော ကြက်သွန်ဖြူကို ထည့်ရ်ျ ဆီသတ်ပါ။

အဆင့် - ၎

ကြက်သွန်ဖြူ အနံ့ မွှေးလာလျှင် အသား၊ ကြက်သည်းကြက်မြစ်ကို အ၇င်ထည့်ကြော်ပါ။ ကျက်လျှင် ပုဇွန်ကို ထည့်ပါ။ ပဲငံပြာရည်အကျဲကို ထမင်းစားဇွန်း ၁ ဇွန်းနှင့် သကြား (သို့ ) အချိုမှုန့် ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ရ်ျ သမအောင်ကြော်ပါ။

အဆင့် - ၅

ပြီးလျှင် မာသော ဟင်းသီးဟင်းရွက်များဖြစ်တဲ့ မုန်လာဥနီ ၊ ပန်းမုန်လာ၊ အစိမ်းရောင်ပန်းမုန်လာ၊ ကိုက်လန်အရိုးတို့ ကိုထည့်ရ်ျ အရင်ကြော်ပါ။ ဆား၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၃ ဇွန်း၊ သကြား(သို့ ) အချိုမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ နှမ်းဆီမွှေး၊ ကြက်သားမှုန့် တို့ ကို ထည့်ပါ။ ရေကို အသီးအနှံ့ များဖုံးရုံလောက်ထည့်ပါ။ ထို့ နောက် ၂ မိနစ်လောက် အဖုံးမအုပ်ပဲ မွှေပြီးကြော်ပေးပါ။ (အဖုံးအုပ်လိုက်ရင် အစိမ်းရောင်များနွမ်းသွားလို့ ပါ။)

အဆင့် - ၆

ပြီးမှ ကျန်သော အရွက်များကို ထည့်၊ ခရုဆီ၊ ငုံးဥ၊ အရည်ဖျော်ထားသော ကော်မှုန့် တို့ ကိုထည့်ပြီး ၂ မိနစ်လောက် မွှေကြော်ပါ။ အပေါ့အငံ မြည်းရ်ျ မီးဖိုပေါ်မှချပါ။

အဆင့် - ၇

ထမင်းပေါင်းလုပ်ရန်အတွက် ထမင်းကို အလယ်မှာထား အပေါ်ကနေ အသီးအနှံ ကြော်ထားတာကို ဆမ်းပြီး ကြက်ဥကြော်လေးဖြင့် သုံးဆောင်နိုင်ပါပြီ။