( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ထမင်းကို မာမာလေးချက်ပြီး အအေးခံထားပါ။ အသားနှင့် အသီးအနှံများကို သန့် စင်ပြီး အတုံးအသေးလေးတွေ တုံးထားပါ။ ကြက်သွန်ဖြူ ကိုတောက်တောက်ဆင်းထားပါ။
အသားကို ပဲငံပြာရည် ၁ ဇွန်း၊ သကြား (သို့ ) အချိုမှုန့် လက်ဖက်ရည်ဇွန်း ၁ တ၀က်၊ ပဲငံပြာရည်အပျစ် လက်ဖက်ရည်ဇွန်း လေးပုံတပုံတို့ ဖြင့် နယ်ထားပါ။
ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်ဖြူကို ထည့်ရ်ျ ဆီသတ်ပါ။
ကြက်သွန်ဖြူမွှေးလာလျှင် ကြက်သားကို ထည့်ရ်ျ ကြော်ပါ။ ကြက်သားခြောက်ခြောက်လေးဖြစ်သွားမှ အသီးအနှံကိုထည့်၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား(သို့ ) အချိုမှုန့်  လက်ဖက်ရည်ဇွန်း တ ၀က်ကို ထည့်မွှေပါ။
အသီးအနှံများအနှံ့ မွှေပြီးသွားလျှင် ထမင်းကို ချက်ချင်းထည့်ပါ။ ထို့ နောက် ပဲငံပြာ၇ည် ထမင်းစားဇွန်း ၂ ဇွန်း၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား ထမင်းစားဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တ ၀က်တို့ ကို ထည့်ရ်ျ ကြော်ပါ။
အားလုံးနှံ့ သွားလျှင် ထမင်းကြော်ကို မမွှေပဲ ခဏထားပါ။ ထမင်းကြော်များအိုးမှာ အနည်းငယ် ကပ်သွားအောင်လို့ ပါ။ ပြီး မှဒယ်အိုးမှာ ကပ်နေတဲ့ ထမင်းကြော်ကို အသာလေးခွာရ်ျ ကြော်ပါ။
့ထမင်းကြော်မှာ ပါတဲ့ ကြက်ဥကြော်နည်းက ကြက်ဥကို အိုးသပ်သပ်တခုမှာ တလုံးစီထည့်ကြော်ပါ။ အဖြူေ၇ာင်များ ကျက်လာလျှင် ကြက်ဥ အ၀ါကိုဖောက်လိုက်ပြီး အနည်းငယ်ဖြန့် လိုက်ပါ။ ပြီးလျှင် ဆားဖြူးပါ။ ထို ကြက်ဥပေါ်ကို ထမင်းကြော်အနည်းငယ် တင်ပါ။ ပြီးလျှင် ကြက်ဥကြော်ရဲ့ အောက်ပိုင်းအနားသားများကျက်လျှင် ပန်းကန်ထဲမှာထည့်ထားတဲ့ ထမင်းကြော်ပေါ်မှောက်တင်လိုက်ပါ။ (ဒီကြက်ဥကြော်က ဘယ်လိုလဲဆိုတော့ ထမင်းကြော်မှာ ကြက်ဥအရည်လေးတွေကပ်နေပြီး အ၇မ်းကို စားကောင်းပါတယ်။)